Pages

Template License

Feature this blogger templates : Simple and clean dashboard, compatible on all browser, Internet Explorer 7, 8, Firefox, Chrome. Please keep my link if you want use this blogger templates and promotion it, Best thank's from : Why You Need Loan

read more

IE နဲ့ မြန်မာဖောင့်ပြသနာ

အခုဆို မော်ဇီလာကနေ မြန်မာဖောင့်တွေကို (ဇော်ဂျီသာမက ၀င်းအင်းဝနဲ့တခြားဖောင့်တွေကို) တိုက်ရိုက်မြင်နိုင်တယ်။ ဒါပေမယ့် အိုင်အီး (Internet Explorer) မှာကတော့ ဖောင့်ရှိရဲ့သားနဲ့ မမြင်နိုင်ဘူးဖြစ်နေတယ်။ ဒီပြဿနာကို ကြုံတွေ့တတ်တာများပါတယ်။ အထူးသဖြင့် အင်တာနက်စတင်အသုံးပြုသူတွေမှာ ဖြစ်တတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က ကွန်ပျူတာကို စတင်တင်ချင်းမှာပါလာတဲ့ Browser ဖြစ်တဲ့ အိုင်အီးကိုပဲ သုံးကြလို့ပါ။ ကျွန်တော်တို့လိုလူတွေကတော့ အိုင်အီးမရှိလဲ ဘာဖြစ်သလဲဆိုပြီး တခြား Browser တွေဘက် လှည့်သုံးနေတော့ အခု အိုင်အီးနဲ့ဖောင့်ပြဿနာကို သိသာသိပေမယ့် ၀င်ရောက်ပြင်ဆင်ဖို့ မချဉ်းကပ်မိခဲ့ကြပါဘူး။

ပြင်လို့ရပါတယ်.........
လွယ်လွယ်ကလေးပါ........

Tools > Internet Options ထဲက General Tab ထဲကိုသွားလိုက်ပါ။
အောက်ဆုံးလေးမှာ Colors , Fonts , Languages , Accessibility ဆိုတဲ့ ခလုတ် (Button) လေးခုကိုတွေ့ပါလိမ့်မယ်။
Accessibility button ကိုနှိပ်လိုက်ပါ။ dialog box ကလေးကျလာလိမ့်မယ်။ အဲ့ဒီအထဲက Formatting ထဲမှာပဲ စာကြောင်းသုံးခု ပါပါတယ်။

- Ignore Color ..........
- Ignore Font Styles ..........
- Ignore Font Sizes ..........

အဲ့ထဲမှာ အမှန်ခြစ်ခြစ်ထားရင် ဖြုတ်ခဲ့လိုက်ပါ။ အထူးသဖြင့် Ignore font styles specified on webpages ကို အမှန်ခြစ်ဖြုတ်ထားဖို့လိုအပ်ပါတယ်။

ကဲ ဒါပါပဲ .........

အဲ့ဒါမှမရသေးရင် Tools > Internet Options > General > Fonts button ကို နှိပ်လိုက်ပါ။ Language Scripts မှာ သူ့အတိုင်း Latin Based ကိုပဲထားလိုက်ပါ။ Webpage font မှာတော့ Zawgyi-One ကိုရွေးထားပေးလိုက်ပါ။

ဒါမှမရသေးရင်တော့ ကိုယ့်စက်ထဲမှာ ၀က်ဆိုဒ်ကအသုံးပြုတဲ့ ဖောင့်မရှိ၊ ဖောင့်စတိုင်ချင်းမတူ ဆိုတာဖြစ်ဖို့များသွားပါပြီ။

0 comments:

Post a Comment